မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လိုသူများအတွက် နေရာထိုင်ခင်းတိုးချဲ့ပေးသွားမည်

0
206

နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ မေ ၆ ရက်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ရန်စာရင်းမပါရှိသော်လည်း အခမ်းအနားတက်ရောက်လိုသူများအတွက် နေရာထိုင်ခင်းတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ရုပ်ရှင်လောကသားအားလုံး စုံစုံညီညီတက်ရောက်နိုင်ကြစေရန် ဖိတ်စာများကို အမြန်လာရောက်လျှောက်ထားထုတ်ယူကြရန် အသိပေးကြေညာခဲ့သည်။

ထို့ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ရန်စာရင်းပါရှိသည့် ရုပ်ရှင်အတတ်ပညာရှင်၊အနုပညာရှင်အချို့မှာ ဖိတ်စာထုတ်ရန်ကျန်ရှိနေ၍ မေ ၁ ရက်နောက်ဆုံးထား၍ ဖိတ်စာများလာရောက်ထုတ်ယူရန်လည်း အသိပေးကြေညာခဲ့သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအား ၂၀၁၉ ၊ ၂၀၂၀ ၊ ၂၀၂၁ ခုနှစ်တို့အတွက် ၃ နှစ်စာပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ပွဲတက်လာမည့်အကယ်ဒမီဆုရှင်များအတွက်​ရွှေရင်ထိုးများလည်းစီစဥ်ထားသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here