ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် အမျိုးသမီးသေဆုံးကာ အမျိုးသားဖြစ်သူ ပြင်းထန်ဒဏ်ရာရ

0
265

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)၊ ဝမ်နားကျေးရွာအနီးတွင် ဧပြီ (၃၀) ရက် နေ့လယ် (၃)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာနေ ကိုစိုးလင်းနိုင်(၂၉)နှစ် မောင်းကာ ဇနီးဖြစ်သူ မအေးမြတ်စိုး (၂၈) နှစ်လိုက်ပါလာသည့် ဆိုင်ကယ်သည် ဝမ်နားကျေးရွာအနီး လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတင်းရတဲ့ အချိန်သွားပြီး ကူညီပေးခဲ့ပါတယ်။ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ အမျိုးသားရဲ့ခေါင်းကလည်းကွဲသွားတယ်။ စိုးရိမ်ရတဲ့ အနေအထားပါ။ ဆေးရုံကလက်ရှိအခြေအနေကိုတော့ မသိရသေးဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရင်ခွဲရုံနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသားအား တာချီလိတ်မြို့ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here