အွန်လိုင်းရှော့များနှင့်ပတ်သက်ပြီး နစ်နာမှုရှိပါက တိုင်ကြားနိုင်

0
164

ပြည်တွင်း၌ တွင်ကျယ်နေသည့် အွန်လိုင်းရှော့များနှင့်ပတ်သက်၍ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

ငွေချေပြီး ပစ္စည်းမရောက်ခြင်း၊ ကြော်ငြာထားသည့်ကုန်ပစ္စည်းအရည်အသွေးနှင့် ကွဲလွဲခြင်း၊ ငွေချေပြီးနောက် ဆက်သွယ်လို့မရခြင်း၊ ကုန်စည်ပါသတင်းအချက်အလက်များကိုချဲ့ကားဖော်ပြခြင်း၊ ပို့ရန်သဘောတူညီထားသည့်အချိန်အတွင်း ကုန်ပစ္စည်းမရောက်ခြင်း စသည့် ကိစ္စရပ်များအတွက် တိုင်ကြားနိုင်ကြောင်းအသိပေးထားသည်။

ဆက်သွယ်တိုင်ကြားလိုသူများအနေဖြင့်စားသုံးသူရေးရာဦးစီးဌာန ဖေ့ဘုတ်ပေ့ချ်၊ Application ဖြစ်သည့် DOCA Myanmar မှ တိုင်ကြားနိုင်သလို ဖုန်း ၁၅၃၅ သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here