သီရိမန္တလာ ကားကွင်းတွင် ခရီးသည်တင်ယာဥ်ပေါ်၌ အမျိုးသား တစ်ဦးသေဆုံးနေ

0
282

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ (၂၂) လမ်းရှိ သီရိမင်္ဂလာ ကားကွင်းတွင် ခရီးသည်တင်ယာဥ် အသေးတစ်စီးပေါ်၌ အိပ်နေသည့် အမျိုးသားတစ်ဦးသေဆုံးနေသည်ကို မေ (၁) ရက် နံနက် (၂) နာရီကျော်ခန့်ကတွေ့ရှိခဲ့ရကြောင်း မဏိစလလူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါ အမျိုးသားသည် မန္တလေး – ပခုက္ကူ – ကမ္မ – ပြင်ဦးလွင်ပြေးဆွဲသည့် “ကမ္မရာဇာ”ခရီးသည်တင်ကားလေးတစ်စီးပေါ်၌ အိပ်ပျော်နေစဥ် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးသွားတဲ့လူက အသက်(၃၀)နှစ်လောက်ပါ။ တာဝန်ရှိတဲ့ လူတွေ စစ်ဆေးပြီးချိန်မှာ ဆေးရုံရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကတော့ ရင်ခွဲစစ်ဆေးပြီးမှသိရမှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦး ကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မဏိစလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here