စူပါမာရီယို ရုပ်ရှင် ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်သွားပြီ

0
307

လူကြိုက်အလွန်များနေသော ကာတွန်းရုပ်ရှင်ဇာတ်ကား စူပါမာရီယို သည် ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်လက်မှတ်ရုံ များ ၌ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော် ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းကို မာရီယို ရုပ်ရှင်၏ စတူဒီယိုဖြစ်သည့် ယူနီဗာဆယ် ပစ်ချားစ် (Universal Pictures) က ဧပြီ ၃၀ ရက် တနင်္ဂနွေနေ့တွင် ကြေညာလာခြင်းဖြစ်သည်။ မာရီယိုသည် အမေရိကတွင် ရုံတင်ငွေ ဒေါ်လာ သန်း ၄၉၀ နှင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၅၃၂ သန်းကျော် ရရှိထားသည်။

မာရီယို ရုပ်ရှင်သည် ရုပ်ရှင်ရုံများ၌ လူကြည့်အများဆုံး ဇာတ်ကားအဖြစ် ဧပြီတစ်လလုံး ဦးဆောင်ခဲ့ပြီး စံချိန်များလည်း ချိုးဖျက်ခဲ့သည်။ ယခုနှစ်အတွက် ရုံတင်ငွေ ၁ ဘီလျံ ရရှိသည့် ပထမဆုံးရုပ်ရှင်ကားလည်း ဖြစ်လာသကဲ့သို့ ကိုဗစ်စတင်ချိန်မှစ၍ ၁ ဘီလျံ ပြည့်မြောက်သော ပဥ္စမမြောက် ရုပ်ရှင်ကားလည်း ဖြစ်လာသည်။

အဆိုပါ ကာတွန်းရုပ်ရှင်ကားသည် နင်တန်ဒို (Nintendo) ၏ ကမ္ဘာကျော် ဂိမ်းဖြစ်သော စူပါ မာရီယို ကို အခြေခံ၍ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ညီအစ်ကို နှစ်ယောက်ဖြစ်သည့် မာရီယိုနှင့် လူဝီဂျီးတို့သည် အမေရိကန်နိုင်ငံ၊ ဘရွတ်ကလင်း စီရင်စုမှ မှိုဘုရင်နိုင်ငံသို့ ရောက်ရှိသွားပြီး ပရင့်စက် ပိ့ချ်နှင့်အတူ ကမ္ဘာသိမ်းရန် ကြိုးပမ်းနေသော လူဆိုးဗိုလ် ဘောင်းဇာကို တားဆီးကြမည် ဖြစ်သည်။

Source: CINA


LEAVE A REPLY

Please enter your comment!
Please enter your name here