ယူကရိန်း၏ ငြိမ်းချမ်းရေး လျှို့ဝှက်မစ်ရှင်တွင် ဗာတီကန် ပါဝင်ဆောင်ရွက်နေ–ပုပ်ရဟန်းမင်းကြီး

0
179

ဗာတီကန်သည် ရုရှား-ယူကရိန်း အရေးအခင်း အဆုံးသတ်ရေးအတွက် ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး မစ်ရှင်တွင် ပါဝင်ဆောင်ရွက်နေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဧပြီလ ၃၀ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် မစ်ရှင်အကြောင်း အသေးစိတ်မှုကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

“ငြိမ်းချမ်းရေး ရစေမယ့် ဘယ်အရာမဆို လုပ်ဆောင်သွားဖို့ ဆန္ဒရှိ‌ပါတယ်။ အခုလည်း မစ်ရှင်တစ်ခု လုပ်နေပါတယ်။ ဒါပေမယ့် လူသိရှင်ကြား ပြောပြလို့ မရသေးပါဘူး။ ပြောလို့ရတဲ့အချိန် ပြောပြသွားပါမယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဟန်ဂေရီမှ အပြန်ခရီးစဉ်တွင် သတင်းထောက်များကို ပြောသည်။

ထို့ပြင် ပုပ်ရဟန်းမင်းကြီးသည် ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နှင့် ဘူဒါပက်စ်မြို့ရှိ ရုရှား ရှေးရိုးစွဲဘုရားကျောင်း ဂိုဏ်းအုပ်ဘုန်းကြီး ဟီလာ ရီရွန်တို့နှင့်လည်း ယူကရိန်းအခြေအနေကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးသည် ယူကရိန်းအရေးအခင်း စတင်ချိန်မှစ၍ ငြိမ်းချမ်းရယူပေးရန်အတွက် ကတိပြုခဲ့သည့်အပြင် စစ်မက်ဖြစ်ပွားနေသည့် နှစ်နိုင်ငံကြား ကြားနေအဖြစ် စေ့စပ်ပေးချင်သည်ဟု ပြောဆိုကမ်းလှမ်းခဲ့သည်။ ယူကရိန်းဘက်ကမှ ပုပ်ရဟန်းမင်းကြီအား ၎င်းတို့နိုင်ငံသို့ အလည်လာရန် ဖိတ်ကြားထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here