အမေရိက – တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲသဘောတူညီချက်အား မြောက်ကိုရီးယားပြင်းပြင်းထန်ထန်ရှုံ့ချ

0
214

ဆိုးလ်၊မေ ၁

အမေရိက-တောင်ကိုရီးယားတို့ မကြာ‌သေးမီကရရှိခဲ့သည့် သဘောတူညီချက်သည် ဒေသတွင်း၌ အမေရိက၏မဟာဗျူ‌ဟာမြောက်ပိုင်ဆိုင် ပစ္စည်း များဖြန့်ကျက်မှုကို အားကောင်းလာစေနိုင်ပြီး တင်းမာမှုမြင့်တက်လာစေနိုင်သည့်အတွက် မြောက်ကိုရီးယားဘက်မှ အပြင်းအထန်ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

ကန်သမ္မတနှင့် တောင်ကိုရီးယားသမ္မတတို့သည် ပြီးခဲ့သည့်အပတ်ကတွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယားနျူလက်နက်တိုးတက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်မားနေရသဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန်လည်း သမ္မတဘိုင်ဒင်က ကတိပြုခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် တောင်ကိုရီးယား၏ ကာကွယ်ရေးအားကောင်းစေရန်နှင့် အမေရိကန်၏ မဟာဗျူဟာမြောက်ပိုင်ဆိုင် ပစ္စည်းများကို ပုံမှန်အသုံးပြုရန် သဘောတူညီခဲ့ကြသည်ဟုလည်းသိရသည်။

အဆိုပါကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ရေတပ်၏ နျူလက်နက်သုံးပဲ့ထိန်းဒုံးကျည်ပါဝင်သည့် ရေငုပ်သင်္ဘောသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပထမဆုံးအကြိမ်အနေဖြင့် တောင်ကိုရီးယားသို့လာရောက်မည်ဖြစ်သည်ဟုလည်းဆိုသည်။

သို့သော်မြောက်ကိုရီးယားကမူ အမေရိကနှင့်တောင်ကိုရီးယားတို့၏လုပ်ရပ်သည် ကိုရီးယားကျွန်းဆွယ်၏အခြေအနေအား မတည်မငြိမ်ဖြစ်စေပြီး စစ်ဘက်ဆိုင်ရာအစုအဖွဲ့ ဖွဲ့ချင်းမျိုးဖြစ်နေသည်ဟုဆိုခဲ့သည်။

ဘိုင်ဒင်နှင့်ယွန်းတို့၏တွေ့ဆုံမှုအား ပြုံယမ်းဘက်မှ ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ၎င်း၏နျူလက်နက်အား အဟန့်အတားပြုလာပါက အခိုင်အမာပြန်တုံ့ပြန်သွားမည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here