လျှပ်စစ်ကားများအား အလိုအ‌လျောက် ဓာတ်အားဖြည့်ပေးမည့် ကမ္ဘာ့ပထမဆုံး အမြန်လမ်းမကြီးကို ဆွီဒင် ဖေါက်လုပ်သွားမည်

0
183

ဆွီဒင်ဟာနိုင်ငံဟာ လျှပ်စစ်ကားတွေ ဖြတ်မောင်းတဲ့အခါ အလိုအ‌လျောက် အားဖြည့်ပေးသွားမယ့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ဓာတ်အားလွှတ် အမြန်လမ်းမကြီးကို ဆောက်လုပ်ဖို့ စီစဉ်နေတယ်ဆိုပြီး ကြေညာလာပါတယ်။

အဲဒီကားလမ်းကို နောက် ၂ နှစ်အကြာမှာ
ဖေါက်လုပ်ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဆွီဒင်ဟာ ၂၀၃၅ ခုနှစ်အရောက် လောင်စာဆီသုံးကားများ ပပျောက်ရေး ဆိုတဲ့ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် အခုလိုမျိုး တီထွင်ဆန်းသစ်မှုတွေ လုပ်လာတာဖြစ်ပါတယ်။

မူလ သီအိုရီအရဆိုရင် အဲဒီကားလမ်းဟာ လျှပ်စစ်ကားတွေ လိုအပ်တဲ့စွမ်းအင်တွေကို အလုံအလောက် ပေးသွားမှာပါ။ ဒါကြောင့် အဲဒီအကြံဟာ လျှပ်စစ်ကားတွေ များလာတာနဲ့အမျှ ခရီးတွေထွက်တဲ့အခါ အားသွင်းရုံတွေ ရှာရတာမျိုးနဲ့ အလှည့်စောင့်ရတဲ့ ဒုက္ခမျိုးတွေကိုပါ တစ်ပါတည်း ဖြေရှင်းပေးလာနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားလွှတ် အမြန်လမ်းမကြီးအဖြစ် ပြောင်းလဲသွားမယ့်လမ်းကတော့ ဆွီဒင်ရဲ့ မြို့ကြီး သုံးမြို့ ဖြစ်တဲ့ စတော့ဟုမ်း၊ ယက်တော့ဘော့နဲ့ မဲလ်မို တို့ကို ဆယ်သွယ်ပေးထားတဲ့ E 20 ဆိုတဲ့ အမြန်လမ်းကြီးပဲ ဖြစ်ပါတယ်။

လမ်းကို အားသွင်းစက်တစ်ခုအနေနဲ့ သုံးလို့ရအောင် လုပ်နိုင်မယ့် နည်းလမ်း ၃ ခု ရှိနေပေမယ့် ဘယ်နည်းလမ်းကို အသုံးပြုမယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက မဆုံးဖြတ်ရသေးပါဘူး။ ဘယ်လိုပဲ ပြောပြော ဒီပရောဂျက်ဟာ စိန်ခေါ်မှုတွေ များတဲ့ ပရောဂျက်တစ်ခု ဖြစ်လာမှာပါ။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here