မက္ကဆီကို၌ ဘတ်စ်ကားချောက်ထဲထိုးကျ, ၁၈ ဦး ထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

0
147

မက္ကဆီကို၊မေ ၁

မက္ကဆီကိုနိုင်ငံအနောက်ပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၈ ဦး ထက်မနည်း သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများကို ကိုးကား၍ ရိုက်တာသတင်းဌာနကဖော်ပြထားသည်။

ပြည်နယ်မြို့တော်တေပစ်ခ်နှင့် နာမည်ကြီးခရီးသွားနေရာဖြစ်သည့် ပွဲရ်တိုဗွာရ်တာကြားတွင် စနေနေ့ညက ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျသွားသည့် ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့ကြောင်း အစိုးရရှေ့နေရုံးကပြောကြားခဲ့သည်။

အာဏာပိုင်များ၏ပြောကြားချက်အရ အဆိုပါယာဉ်မတော်တဆမှုကြောင့် အမျိုးသမီး ၁၁ ဦးနှင့်အမျိုးသား ၇ ဦးသေဆုံးကာ ဒဏ်ရာအနည်းငယ်ရရှိထားသည့် လူနာ ၁၁ ဦးကို ဆေးရုံပို့ထားပေးခဲ့ကြောင်းသိရသည်။

အဆိုပါကားသည် ဂွါတာလဟာရာမြို့မှပြန်လာသည့်ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်ပါခရီးသွားအားလုံးသည် မက္ကဆီကိုနိုင်ငံသားများသာဖြစ်သည်ဟု အာဏာပိုင်များကပြောကြားခဲ့ပြီး ယာဉ်မတော်တဆမှုဖြစ်ရခြင်းအကြောင်းအရင်းကိုမူ ယခုအထိမသိရသေးဟုလည်းဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here