မဲဆောက်တွင် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသား(၂) ဦး သေနတ် (၂) လက်နှင့်အတူ ဖမ်းဆီးခံရ

0
179

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက် – အုံးဖျန် ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသားလူငယ် (၂) ဦးကို သေနတ် (၂) လက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ယမန်နေ့ မေလ (၁) ရက် ညနေပိုင်းက မဲဆောက် – အုံးဖျန် ကားလမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မြန်မာနိုင်ငံသား (၂) ဦး၏ ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က မသင်္ကာသည့်အတွက် တားစီးစစ်ဆေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ် အမျိုးသား (၂) ဦး၏ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာအိပ်ဖြင့် ပတ်ထားသည့် AK-47 မောင်းပြန်ရိုင်ဖယ် (၁) လက်၊ အမျိုးအမည်စီစစ်ဆဲ သေနတ်အရှည် (၁) လက်၊ စုစုပေါင်း သေနတ် (၂) လက်ကို တွေ့ရှိခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား လူငယ်(၂) ဦးကို မဲဆောက်မြို့နယ် ရဲစခန်းတွင် အမှုစစ် ရဲအရာရှိက တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo – เอกแม่สอด


LEAVE A REPLY

Please enter your comment!
Please enter your name here