တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါး ဓားဖြင့်ခုတ်ခံရပြီး ဖုန်းနှင့်ငွေများ လုယက်ခံခဲ့ရမှု ဂွမြို့နယ်တွင်ဖြစ်ပွား

0
249

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းကွင်းကျေးရွာတွင် ယနေ့ မေလ (၂) ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကင်းရုံးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ဂွမြို့နယ်၊ ရဟိုင်းကွင်းကျေးရွာရှိ ရွှေနန်းခိုင်ဘုရားတွင် တစ်ပါးတည်း သီတင်းသုံး နေထိုင်သည့် ဆရာတော်ထံ ယနေ့နံနက် (၆) နာရီခန့်က အရုဏ်ဆွမ်းလာကပ်သော ဒကာ၊ ဒကာမများက ဓားဒဏ်ရာများဖြင့် လဲကျနေသည့်ဆရာတော်အား တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“ဆရာတော်မှာ ဓားဒဏ်ရာတွေ ရထားလို့ အမြန်ကူညီပေးပါဆိုတာနဲ့ ချက်ခြင်းသွားကူညီပေးခဲ့ကြတယ်။ ဂွမြို့နယ်ဆေးရုံပို့ပေးတယ်။ ဒဏ်ရာတွေကများတဲ့အတွက် သံတွဲဆေးရုံကို ထပ်ပို့ပေးခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးက ပြောသည်။

ဆရာတော်မှာ ဓားဖြင့်ခုတ်ခံခဲ့ရသည့်အပြင် ဖုန်းနှင့်ငွေကြေးများလည်း လုယက်ယူဆောင်သွားခံခဲ့ရသဖြင့် လက်ရှိတွင် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here