အိမ်နီးနားချင်းတွေထံမှ တန်ဖိုးကြီး ပစ္စည်းတွေ ခိုးယူခဲ့တဲ့ ကြောင်ငတက်ပြားလေးအတွက် ကြောင်သခင် ပြန်တောင်းပန်နေရ

0
178

ဗြိတိန်နိုင်ငံ၊ ဒါဘီမြို့ရှိ ဒါလီ အက်ဘီရွာက အမျိုးသမီးဟာ သူရဲ့ အိမ်မွေးကြောင်က ခိုးယူလာတဲ့ စတာလင်ပေါင် ရာနဲ့ချီတဲ့ ပစ္စည်းတွေကို ပြန်လည်ပေးအပ်ကာ တောင်းပန်နေတယ်လို့ သိရပါတယ်။

အဲဒီ ကြောင်ငတက်ပြားလေးကတော့ ဟယ်ရီဖြစ်ပြီး အပတ်တိုင်းလိုလို အိမ်နီးနားချင်းတွေရဲ့ အိမ်တွေဆီ လျှောက်သွားပြီး ပိုက်ဆံအိတ်၊ ဝက်အူချောင်းနဲ့ တန်ဖိုးကြီး အားကစား ဘရာစီယာ အပါအဝင် အခြား ပစ္စည်းတွေကိုပါ ယူဆောင်လာလေ့ရှိပါတယ်။

သခင်ဖြစ်တဲ့ ဒွန်နာ ဟစ်ဘတ်ကတော့ ဟယ်ရီဟာ အဝတ်တန်းမှာ ချိတ်ထားတဲ့ ပစ္စည်းတွေကိုပါ ဖြုတ်ယူတတ်ပြီး အခုလိုမျိုး လုပ်နေတာလည်း လေးနှစ်ကျော်လောက် ရှိပြီလို့ ပြောပါတယ်။

ဒါပေမယ့် ဟစ်ဘတ်ဟာ ဟယ်ရီကို အပြစ်မမြင်ဘဲ ကြောင်တွေရဲ့ ဗီဇအရ သူတို့ရဲ့ သခင်ကို လက်ဆောင်ပေးချင်လို့ အခုလုပ်နေတာလို့ပဲ ယုံကြည်နေပါတယ်။ ပုံမှန်အားဖြင့်လည်း ကြောင်တွေဟာ အမဲလိုက်လို့ရတဲ့ တိရစ္ဆာန်အသေတွေကို သူတို့ရဲ့ သခင်ဆီ လက်ဆောင်အနေနဲ့ ယူလာပေးလေ့ရှိပါတယ်။

အခုတော့ ဟစ်ဘတ်ဟာ ဟယ်ရီသယ်လာလို့ အိမ်မှာ စုပုံလာတဲ့ ပစ္စည်းတွေကို အင်တာနက်ပေါ်မှာ ပုံနဲ့အတူ ပို့စ်တင်ပြီး ပိုင်ရှင်တွေဆီ ပြန်ပေးနေပါတယ်။ ဟယ်ရီ ခိုးထားတဲ့ ပစ္စည်းတွေဟာ စတာလင်ပေါင် သုံးရာလောက် ရှိတယ်လို့ သိရပါတယ်။ သူ့ကြောင်ယူလာတဲ့ ပစ္စည်းထဲမှာ အရမ်းဈေးကြီးတဲ့ အနီရောင် ဖိနပ် တစ်ရံလည်း ပါတယ်လို့ ဟစ်ဘတ်က ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

ဟယ်ရီရဲ့ ညီ လူနာကတော့ သူ့လိုမဟုတ်ဘဲ ဆေးလိပ်ခွံနဲ့ မုန့်တွေကိုသာ ယူဆောင်လာလေ့ရှိပါတယ်။

Source: တယ်လီဂရပ်


LEAVE A REPLY

Please enter your comment!
Please enter your name here