မြန်မာနိုင်ငံတွင်တွေ့ရှိရသော XBB.1.16 ၈ ဦးအ နက် ၁ ဦးမှာ ပြည်ပမှပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန် ၇ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်

0
258

ကျန်းမာရေးဝန်ကြီးဌာနမှ SARS-CoV-2 Variant Omicron(အိုမီခရွန်)အပါအဝင် ကိုဗစ်(၁၉)ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးထပ်မံတွေ့ရှိမှုများနှင့်ပတ်သက်၍ မေ ၂ ရက်ကအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ “ကိုဗစ်(၁၉)ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များအဖြစ် ပြည်ပနိုင်ငံများမှမြန်မာနိုင် ငံသို့ဝင်ရောက်လာသူများနှင့်ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသည့် ဓာတ်ခွဲအတည်ပြုလူနာများထံ မှ ဓာတ်ခွဲနမူနာများရယူ၍ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။

ထိုသို့ စစ်ဆေးရာမှ ဧပြီ ၂၉ ရက်တွင် ကိုဗစ်(၁၉) ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအ နက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ(၂၂)ခုအား ဆေးသုတေသနဦးစီးဌာနတွင် စစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron(အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ(၈)ခု၊ XBB.1.16 ကို ဓာတ်ခွဲနမူနာ(၈)ခု၊ XBB.2.3 ကို ဓာတ်ခွဲနမူနာ(၂)ခု၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာ(၁)ခု၊ XBB.1.5 ကို ဓာတ်ခွဲနမူနာ(၁)ခု၊ XBB.1 ကို ဓာတ်ခွဲနမူနာ(၁)ခု၊ BA.2.75 ကို ဓာတ်ခွဲနမူနာ(၁)ခုတို့တွင်တွေ့ရှိခဲ့ရသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ တွေ့ရှိမှုများအနက် XBB.1.16 (၈)ဦးထဲမှ (၁)ဦးမှာ ပြည်ပမှမြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ကျန်(၇)ဦးမှာ ပြည်တွင်းကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်ကာ ၎င်းတို့အပါအ ဝင် ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်(၁၉)ရောဂါ ပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိကုသမှုပေးခဲ့သဖြင့်ကျန်းမာရေကောင်းမွန်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

Omicron(အိုမီခရွန်)မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturus)ရောဂါပိုးကူးစက်ဖြစ်ပွားမှုကို ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၌စတင်တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၃၇)နိုင်ငံတွင် ကူးစက်မှုများရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်သော XBB.1I XBB.1.5၊ XBB.1.9.1၊ XBB.1.9.21 XBB.2.3 BA.2.75 တို့မှာလည်း ကမ္ဘာ့နိုင်ငံများတွင် ယခင်ကပင် ကူးစက်ပြန့်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here