ဗြိတိန်တွင် ကြက်သားပြတ်လပ်၊ မွေးမြူရေးလုပ်ငန်း ပြိုလဲကျတော့မည်ဟုကျွမ်းကျင်သူများဆို

0
212

ဗြိတိန်သည် လက်ရှိတွင် ကြက်သား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး မကြာမီ အသီးအရွက် ပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်လာနိုင်ရကြောင်း လုပ်ငန်းကျွမ်းကျင်သူများက သတိပေးထားသည်။

ကြက်မွေးမြူရေးခြံပိုင်ရှင်များသည် စရိတ်စကများ မြင့်တက်လာခြင်းကြောင့် ၎င်းတို့၏ ကြက်အကောင်ရေ ပမာဏကို မဖြစ်မနေ လျှော့ချလာနေရသည်။

ဗြိတိန် ကြက်ဘဲ မွေးမြူရေး ကောင်စီကလည်း ကြက်များအတွက် သင့်တင့်မျှတသော ဈေးမပေးနိုင်ပါက ဗြိတိန်ရှိ ကြက်မွေးမြူရေးလုပ်ငန်းမှာ ပြိုလဲကျတော့မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အစားအစာများအတွက် စားသုံးသူများပေးနေသော ဈေးနှုန်းသည် မွေးမြူရေး ကုန်ကျစရိတ်နှင့် မကိုက်ညီသဖြင့် ထိုသို့သော စနစ်သည် ရေရှည်မတည်မြဲနိုင်ကြောင်း ကောင်စီက ပြောလာသည်။

ထို့ပြင် စပိန်နိုင်ငံတွင် အပူချိန်များ စံချိန်တင် မြင့်တက်လာသောကြောင့် အသီးအရွက်များ ပြတ်လပ်မှုနှင့်ပါ ကြုံတွေ့လာနိုင်ကြောင်း တောင်သူလယ်သမား သမဂ္ဂ (NFU) က သတိပေးလာသည်။

ဗြိတိန်၏ အသီးအရွက်ဈေးကွက်မှာ ပြည်ပမှ တင်သွင်းမှုများကို အားကိုးနေရသဖြင့် ကျွမ်းကျင်သူများက ယခုကဲ့သို့ သတိပေးလာခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် ကိုဗစ်ကာလမှစတင်၍ ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ လူနေမှုစရိတ် အကျပ်အတည်းမှာလည်း ပိုမိုဆိုးရွားလာသည့်အတွက် နိုင်ငံတစ်ဝန်း လုပ်ခစာတိုးပေးရေး ဆန္ဒပြမှုများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

Source: မက်ထရို


LEAVE A REPLY

Please enter your comment!
Please enter your name here