အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာမှ တိုက်ခန်းဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်

0
334

အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာတို့မှ ရောင်းချမည့် တိုက်ခန်းအရောင်းဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကနေ အသိပေးကြေညာထားသည်။

ယင်းသို့ ပြင်ဆင်သတ်မှတ်ရခြင်းသည် ယခင် COVID – 19 ကုသရေးစင်တာအဖြစ်အသုံးပြုခဲ့ခြင်းကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရသည့်အတွက် ကုန်ကျစရိတ်များတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများ၏ ပြင်ဆင်သတ်မှတ်ထားသည့် ရောင်းဈေးမှာ ယခင်ငွေကျပ် အများဆုံး (၅၅၆) သိန်း သတ်မှတ်ထားရာမှ ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် အမြင့်ဆုံး ငွေကျပ်သိန်း (၆၁၂) သိန်းအထိတိုက်ခန်းတန်ဖိုးကို ပြင်ဆင်သတ်မှတ်ထားခြင်း ဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းရှိ စတုရန်းပေ ၉၀၀/၁၃၀၀ ပေရှိ အခန်းတန်ဖိုးမှာ အမျိုးအစားနှင့် အထပ်အမြင့်ပေါ်မူတည်ကာ အဆိုပါစီမံကိန်း၏ ယခင်အခန်းဈေးနှုန်းမှာအများဆုံးကျပ် (၅၅၆) သိန်းမှ အနည်းဆုံး (၂၉၆) သိန်းဖြစ်ပြီး၊ ယခု ပြင်ဆင်လိုက်သည့် ဈေးနှုန်းမှာ အများဆုံး ကျပ် (၆၁၂)သိန်းမှ အနည်းဆုံး ကျပ် (၃၂၆) သိန်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စတုရန်းပေ (၄၆၈) ပေရှိ အခန်းတန်ဖိုးမှာ ယခင်အမြင့်ဆုံးဈေးနှုန်း (၁၈၆) သိန်းမှ အနည်းဆုံး (၁၁၁) သိန်း သတ်မှတ်ထားရာမှ ယခု ပြင်ဆင်လိုက်သည့် ဈေးနှုန်းမှာ အများဆုံး ကျပ် (၂၁၆) သိန်းမှ အနည်းဆုံး ကျပ် (၁၂၂) သိန်း ဖြစ်ကြောင်း မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် သန်လျင်မြို့နယ် သီလဝါအိမ်ရာ စီမံကိန်းရှိ စတုရန်းပေ (၃၈၄) ပေရှိ အခန်းတန်ဖိုးမှာ အမျိုးအစားနှင့်အထပ်အမြင့်ပေါ် မူတည်ပြီး ယခင်အခန်း ဈေးနှုန်းမှာ အများဆုံး (၁၃၃)သိန်းမှ အနည်းဆုံး (၁၀၄) သိန်းဖြစ်သတ်မှတ်ထားရာမှ ယခု အများဆုံးကျပ် (၁၄၆)သိန်းမှ အနည်းဆုံးကျပ် (၁၁၄) သိန်း အဖြစ်သို့ ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here