ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ အပါအဝင် ပါတီ(၄) ခုအား မှတ်ပုံတင် ထပ်မံခွင့်ပြု၊ ပါတီတည်ထောင်ခွင့် ပြုသည့်ပါတီ (၂) ခုရှိ

0
190

ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါ တီ အပါအဝင် (၄) ခုအား မှတ်ပုံတင် ထပ်မံခွင့်ပြုပြီး ပါ တီသစ် (၂) ခုကို ပါတီ တည်ထောင်ခွင့်ပြုကာ မှတ်ပုံတ င်လျှောက်ထားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်က ညွှန်ကြားထား သည်။

မေလ (၂) ရက် ညပိုင်းက ထုတ်ပြန်အသိပေးလာခြင်း ဖြစ်ပြီး လက်ရှိတွင် ပါတီမှတ်ပုံခွင့်ပြုချက်ရသည့်ပါတီ
(၉) ပါတီရှိလာပြီဖြစ်ကြောင်း UEC ၏ စာရင်းများအရ သိရသည်။

အဆိုပါ ပါတီ (၄) ခုမှာ ရခိုင့်ဦးဆောင်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီနှင့် ရခိုင်ပြည် နယ်အမျိုးသားအင်အားစုပါတီတို့ဖြစ်ကြောင်း သိရသည်။

” လမ်းညွှန်ချက်မှာ ပါတဲ့အတိုင်း ပါတီမှတ်ပုံတင်ကျပြီးတဲ့နောက် ရက် (၉၀) အတွင်း လုပ်ဆောင်ရမယ့်ဟာတွေ ရှိပါတယ်။ ပါတီဝင်ဦးရေ လျှော့ခြင်းတိုးခြင်းကို တင်ပြရမှာပါပေါ့။ နောက်တခါ ရုံးခွဲတွေဖွင့်ဖို့ ရှိမှာပေါ့။ အဲဒါတွေ ဆက်လုပ်ဖို့ ရှိပါတယ်” ဟု ပါတီမှတ်ပုံတင်ခွင့်ပြုချက် ရ ရှိခြင်းနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိ ခွင့်ပြုချက် ကျထားသည့် ပါတီများထဲတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ည ပါတီ တို့ကဲ့သို့သော ပါတီများလည်း ပါဝင်နေပြီး လူမျိုးကိုယ်စားပြု ပြည်နယ်ပါတီတ ချို့လည်း ပါဝင်နေခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မေလ (၂) ရ က် ညနေပိုင်း ထုတ်ပြန်ချက်အရ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နှင့် ဒီမိုကရက်တစ်ပါတီတို့ကို ပါတီတည်ထောင်ခွင့်ပြုခဲ့ပြီး ရက် (၃၀) အတွင်း ပါတီမှတ်ပုံတင်လျှောက်ထားခွင့် လျှောက်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

UEC က ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ထုတ်ပြန်သည့် စရင်းဇယားများအရ မြန်မာနိုင်ငံတွင် ပါတီမှတ်ပုံတင် ပြန် လည် လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီ (၆၃) ပါတီရှိပြီး ယင်းထဲက (၁၃) ပါတီမှာ ပြည်ထောင်စုအဆင့် စည်း ရုံးလှုပ်ရှားမည့်ပါတီများ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းအဆင့် လှုပ်ရှားမည့်ပါတီ (၅၀) ရှိပြီး မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်း မရှိသည့် ပါတီ (၄၀) ကို နိုင်ငံရေးပါတီအဖြစ်မှတ် ဖျက်သိမ်းကြောင်း UEC က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ပါတီ (၁၃) ခုက ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့ပြီး လက်ရှိအချိန်ထိ (၅) ပါတီကို ခွင့်ပြုပေးထားကြောင်း UEC ၏ ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here