ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနိုင်ရရှိ

0
309

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပနေသည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ည ၇ နာရီ ၃၀ မိနစ်က ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေကျခဲ့ကာ ဒုတိယပိုင်း ပွဲကစားချိန် ၈၉ မိနစ်တွင်ရရှိသည့် ပင်နယ်တီကို ၀င်းသိင်္ဂီထွန်းက သေသေသပ်သပ် သွင်းယူပြီး အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံး အားကစား အုပ်စု (က) ဒုတိယ ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် မေလ ၆ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကစားဥိီးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here