မြန်မာနိုင်ငံအစိုးရက ဆီးရီးယားနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသည့် ရူပီးငွေလှူဒါန်း

0
201

မြန်မာနိုင်ငံအစိုးရမှ ဆီးရီးယားအာရပ်နိုင်ငံမှပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသည့် အိန္ဒိယရူပီးငွေ ၈၁၂၇၂၀၄ ကို ဧပြီ ၂၈ ရက်က ပေးအပ်လှူဒါန်းခဲ့သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib ထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားအာရပ်နိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ်လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here