ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် ယာဉ်များကို မေလ (၈) ရက်မှ စတင်အရေးယူတော့မည်

0
593

ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်း မရှိသည့် ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ယခုမေလမှ စတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (ကညန)မှ သတိပေးထားသည်။

ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်းမရှိသေးသည့် မော်တော်ယာဉ်များအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ဖောင်းကြွနံပါတ်ပြား မှာယူထားကြောင်း အထောက်အထား ပြေစာတင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များကို ယခုမေလမှ စတင်ကာ ဒဏ်ငွေတပ်ခြင်းအပြင် မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံ လက်မှတ်သိမ်းယူသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့အရေးယူ ဆောင်ရွက်ရာတွင် မေလ ဒုတိယပတ်ဖြစ်သည့် မေ (၈) ရက်မှ (၁၄) ရက်အတွင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေကျပ် (၅၀၀၀) ဒဏ်တပ်မည်ဖြစ်ပြီး မေလ တတိယပတ် မေ (၁၅) ရက်မှ စတင်ကာ စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ် (Wheel Tax)ကို သိမ်းယူမည်ဖြစ်ကြောင်း ကညန မှ သိရသည်။

ယင်းသို့ သိမ်းယူခံရသည့် ယာဉ်များအနေဖြင့် နံပါတ်ပြား အသစ်တပ်ဆင်ပြီးဖြစ်ကြောင်း လာရောက်ပြသနိုင်သည့် အချိန်မှသာ Wheel Tax ကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here