ဓာတ်ဆီတစ်လီတာ (၁၀၅) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၁၂၀) ကျပ် ကျဆင်းလာ

0
228

ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီတစ်လီတာ (၁၀၅) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၁၂၀) ကျပ်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

ယမန်နေ့ မေလ (၃) ရက် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ (၂၀၂၀) ကျပ်၊ ၉၅ တစ်လီတာ (၂၀၉၅) ကျပ်၊ ဒီဇယ်တစ်လီတာ (၁၉၁၅) ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ (၁၉၉၅) ကျပ်ဖြစ်ပြီး ယနေ့ ဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ (၁၉၁၅) ကျပ် ၊ ၉၅ တစ်လီတာ ၁၉၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၇၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၈၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုးများအရ ၉၂ တစ်လီတာလျင် (၁၀၅) ကျပ် ၊ ၉၅ တစ်လီတာလျင် (၁၀၅) ကျပ်၊ ဒီဇယ် တစ်လီတာလဖင် (၁၂၀) ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် (၁၂၀) ကျပ် အသီးသီး ဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်သည်။

ယခု ဈေးနှုန်းများသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချရန် နေ့စဉ်ထုတ်ပြန်ပေးနေသည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများ ဖြစ်သည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here