သီပေါမြို့နယ်တွင် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၌ မီးလောင်မှုဖြစ်ပွားကာ (၂) ထပ်ကျောင်း ဆောင်ပျက်စီးဆုံးရှုံး

0
161

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နောင်တော်ကြီး ကျေးရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီး ကျောင်းတွင် ယနေ့ မေ (၄) ရက်မွန်းတည့် (၁၂) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုအား သီပေါမြို့နယ် မီးသတ်စခန်း၊နမ့်လန်နယ်မြေ မီးသတ်စခန်း၊ ပန်ညုအရန်မီးသတ်စခန်း၊နောင်တော်ကြီး အရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

“အခုမီးလောင်မှုဖြစ်တဲ့ဘဘုန်းကြီးကျောင်းက ဒေသအခေါ် နောင်ကော်ကြီး ဘုန်းကြီးကျောင်းပါ။ မီးငြှိမ်းသတ်ချိန် တစ်နာရီလောက်ကြာတယ်။ နှစ်ထပ်ကျောင်းဆောင်ပျက်စီးဆုံးရှုံးသွားပါတယ်။ သီပေါမြို့နယ် မီးသတ်က စစ်ဆေးတာတွေ လုပ်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှု ဖြစ်ပွားခြင်းအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည့်အတွက် နေ့လည် (၁) နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here