သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ရပ်နားထားသည့် လူမှုကူညီရေးလုပ်ငန်းများအား ယနေ့ပြန်လည်စတင်ကူညီပေး

0
168

ကရင်ပြည်နယ်အခြေစိုက် သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ လုပ်ဆောင်လျက်ရှိသည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများအား ဧပြီ (၁၀) ရက်မှ စတင်၍ ယာယီရပ်နားခဲ့ခြင်းဖြစ်ပြီး ကူညီရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့်ရယ် အသင်းဝင်တွေရဲ့ လုံခြုံရေးအတွက်ရယ်ကြောင့် ဧပြီ (၁၀) ရက်ကစပြီး လူနာပို့ဆောင်တာ တောင်ပေါ်လမ်း (အာရှလမ်း)မှာ ယာဥ်မတော်တဆမှု ဖြစ်စဥ်တွေကို သွားရောက်ကူညီပေးတာတွေကို ယာယီရပ်နားခဲ့တာပါ”ဟု သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မေ (၄) ရက်မှ စတင်ကာ လူနာပို့ဆောင်ခြင်း၊တောင်ပေါ်လမ်း(အာရှလမ်း)တွင် ယာဥ်မတော်တဆမှုဖြစ်စဥ်များကို ယခင်အတိုင်း ပြန်လည်ကူညီပေးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ကစပြီး အကူအညီပေးတာတွေကို ပြန်ပြီးစတင်လုပ်ကိုင်နေပါပြီ။ ဒါ့ကြောင့် အရင်လိုပဲ ကျွန်တော်တို့အသင်းကို အကူအညီလိုအပ်လာရင် ပြန်လည်တောင်းခံနိုင်ပါပြီ”ဟု သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here