ကိုးကတ္တား ဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ အိန္ဒိယကုန်တင်သင်္ဘော ပထမဆုံးပြေးဆွဲခြင်း အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

0
279

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကိုးကတ္တားမြို့ Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ပထမဆုံး ခရီးစဉ် ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို ကိုးကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦး တင်မိုး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ယနေ့ မေလ (၄) ရက် နံနက်ပိုင်းတွကော်လ်ကတ္တားမြို့၊ Netaji Subhas Dock တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

စစ်တွေဆိပ်ကမ်း အပါအဝင် ပလက်ဝကုန်းတွင်း ဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ – မီဇိုရမ်ကားလမ်းများ ပါဝင်သည့် ကုလားတန်ဘက်စုံ စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ကို ဖြတ်၍ ရေလမ်း/ကုန်းလမ်းမှတဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Shri Shantanu Thakur ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့နှင့် Syama Prasa d Mookerjee ဆိပ်ကမ်းတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here