ချင်းရိုင်ခရိုင်တွင် ကား (၂) စီးပေါ်၌ ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား (၃၀) ဦး ဖမ်းဆီးခံရ

0
162

ပစ်ကပ်ကား (၂) စီးပေါ်တွင် ပုန်းခို၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၃၀) ဦးအား ချင်းရိုင်ခရိုင်အတွင်း၌ မေ (၃) ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများရှိနေကြောင်း သတင်းအရ ချင်းရိုင်ခရိုင်တာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဥ် မောင်းနှင်လာသည့် ပစ်ကပ်ကား (၂) စီးအား တားဆီးစစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကားပေါ်တွင် ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး (၃၀) ဦးအား ချင်းရိုင်ခရိုင် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံသားကားမောင်းသူ (၂) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့ထံတွင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်(ရက်တို)များ ကိုင်ဆောင်ထားသော်လည်း သတ်မှတ်နယ်မြေကျော်လွန်၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့်ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here