ကိုဗစ် (၁၉) အတည်ပြုလူနာသစ် (၁၉၅) ဦးရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသာမ ၈ ရာခိုင်နှုန်းဖြစ်

0
175

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉) ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ယနေ့ မေလ ၄ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၅) ဦး တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၃ ရက် ည ၈ နာရီမှ မေလ ၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၈၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁ ဒသာမ ၈) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ် (၁၉) ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here