သာကေတ (၆)အရှေ့ရပ်ကွက်၌ Level 2 အဆင့်မီးလောင်မှုတွင် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံး

0
238

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊(၆)အရှေ့ရပ် ကွက်၊အောင်သုခ(၂၃)လမ်းတွင် မေ ၄ ရက်လ(ယနေ့)ညနေ ၅ နာရီ ၃၈ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား သာကေတမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီ ၄၃ မိနစ်တွင် Level 1 အဆင့်၊ ညနေ ၅ နာရီ ၄၆ မိနစ်တွင် Level 2 အဆင့်တို့ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ညနေ ၅ နာရီ ၅၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီခန့်၌ မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“စာရင်းအရ နေအိမ် ၇ လုံးဆုံးရှုံးပါတယ် လက်ရှိအချိန်အထိ ကျွန်တော်တို့ကော မီးသတ်အဖွဲ့တွေကော လောင်ပြင်မှာပဲရှိသေးတယ် စိတ်ချရတဲ့အနေအထားဖြစ်တဲ့အထိစောင့်ကြည့်နေဆဲပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-ရဲကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here