ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့်ရွှေစည်းခုံစေတီတော်ပုံစံတူတည်ဆောက်ထားမှု၊ယဥ်ကျေးမှုနှင့်ဘာသာရေးတို့အားအပြန်အလှန်ဖလှယ်ရန် ဆွေးနွေး

0
302

နစက ဥက္ကဋ္ဌနှင့်ရုရှားနိုင်ငံ စင်ကာပူနှင့်အရှေ့ တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မေ ၄ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌက အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy အား နေပြည်တော်၌တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

တွေ့ဆုံစဉ် ရှေးယခင်တည်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကောင်းမွန်ခဲ့မှုနှင့်တိုးတက်ကောင်း မွန်အောင်ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ယဉ်ကျေးမှုနှင့်ဘာသာရေး အပြန်အလှန်ဖ လှယ်ရေး၊ဘာသာရေးအရချစ်ကြည်ရင်းနှီးမှုမှ သည် နှစ်နိုင်ငံအစိုးရနှစ်ရပ်ကြားနှင့်ပြည်သူများကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာနိုင်သည့်အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ဘုရားကျောင်းတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့်ရွှေစည်းခုံစေတီတော်ပုံစံတူ တည် ဆောက်ထားမှု၊ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက်တော်ဖြင့်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy မှမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆုမွန်တောင်းစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရုရှားနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့်အတူ အော်သိုဒေါ့ဘုန်းတော်ကြီးများနှင့်မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Nikolay Listopadov တို့လည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here