မတ်လအတွက် ရုရှားထံမှတရုတ်၏ရေနံစိမ်းတင်သွင်းမှု ၁ ဒသမ ၅ ဆမြင့်တက်ဟုဆို

0
272

ပေကျင်း၊မေ ၄

ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ ရေနံစိမ်းတင်သွင်းမှုသည် ယခင်နှစ်ကတင်သွင်းခဲ့သည့် တန်ချိန် ၉ ဒသမ ၆ သန်းထက် မတ်လ၌ ၁ ဒသမ ၅ ဆခန့်မြင့်တက်လာကြောင်း အစိုးရ ကိန်းဂဏန်းများ၌ဖော်ပြထားသည်။

စာရင်းများအရ ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ ရေနံစိမ်းတင်သွင်းမှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလမှစ၍ အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး အာရှနိုင်ငံအတွက် ရေနံစိမ်းအများဆုံးပံ့ပိုးသူအဖြစ် ရုရှားသည်ဆော်ဒီအာရေဗျကိုပင်ကျော်တက်သွားခဲ့သည်။

ယခုကဲ့သို့ရုရှားရေနံစိမ်းတင်ပို့မှုများသည် အနောက်အုပ်စုမှ မော်စကို၏ဝင်ငွေကိုဖြတ်တောက်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက ရုရှားရေနံဈေးနှုန်းကိုကန့်သတ်ရာမှစခဲ့ခြင်းလည်းဖြစ်သည်။

မတ်လနှောင်းပိုင်းက မော်စကို၌ပြုလုပ်သည့်ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတပူတင်တို့သည် နှစ်နိုင်ငံကြား ဓာတ်ငွေ့ပိုက်လိုင်းသစ်တည်ဆောက်ရေးကို မြှင့်တင် ဆောင်ရွက် ရန်သဘောတူညီခဲ့ကြပြီး ယင်းစီမံကိန်းသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟုမျှော်လင့်ရသည်ဟုလည်းဆိုသည်။

မတ်လတွင် ရုရှားမှတရုတ်သို့ သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုသည် အစောပိုင်းနှစ်ကထက် ၁ ဒသမ ၉ ဆတိုးမြင့်ခဲ့ပြီး အ ​ေမရိကန်ဒေါ်လာသန်း ၄၀၀ ခန့်တန်ဖိုးရှိသော တန်ချိန် ၆ သိန်းခန့်အထိမြင့်တက်လာခဲ့သည်ဟုလည်းသိရသည်။

တရုတ်နိုင်ငံသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများအားဆန့်ကျင်ပြီး ရုရှားနိုင်ငံထံမှ စွမ်းအင်ကို ဆက်လက်ဝယ်ယူလျက်ရှိသည်။  တရုတ်အကောက်ခွန်ဌာန၏အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၁၉၀ ဘီလျံ အထိစံချိန်တင်မြင့်တက်ခဲ့သည်ဟုသိရသည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here