“ ချည်” ရုပ်ရှင်ဇာတ်ကား နှင့် ရွှေသမီး အကယ်ဒမီရမည်လား

0
526

၂၀၁၉ ခုနှစ်ထဲတွင် ရုံတင်ပြသခဲ့သည့် “ ချည်” ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆုရရှိနိုင်ကြောင်း အဆိုပါ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်များ ၏ ပရိသတ်များက ခန့်မှန်းနေကြသည်။

မေလ (၆) ရက် ညပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိနိုင်ခြေရှိသည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် ဇာတ်ကားများကို ခန့်မှန်းချက်ရှိရာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားဆု၊ အမျိုးသားသရုပ်ဆော င်ဆု၊အမျိုးသမီးသရုပ်ဆောင်ဆု၊ဇာတ်ပို့ဆုတို့ကို “ချည်” ဇာတ်ကားဖြင့် ရရှိနိုင်ကြောင်း ခန့်မှန်းများ ရှိနေကြခြင်း ဖြစ်သည်။

အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် အကယ်ဒမီနေတိုး၊ အကယ်ဒမီ သက်မွန်မြင့်နှင့် ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြားအသိပညာရှင်၊ အတတ်ပညာရှင်များက ဝိုင်းဝန်းကူညီအားဖြည့်ထားခြင်း ဖြစ်သည်။

ယင်းဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ သ‌ရုပ်ဆောင်ဆုကို ရွှေသမီးက ရရှိနိုင်ကြောင်း ခန့်မှန်းမှုများရှိသလို ၊ အခြားသော အဓိကဆုများကိုလည်း ရရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းမှုများ ရှိနေသည်။

“ချည်” ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားပြီး ထားပြီးတော့ ဇာတ်လမ်း၊ဇာတ်ညွှန်း မင်းခိုက်စိုးစံနှင့် ထက်မြက်နိုင်ဇင် ကရေးသားထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် က ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

ဒီဇာတ်ကားသည် စိတ်မခိုင်ဘဲ ခံစားချက်နှင့် အလှအပနောက်လိုက်တတ်သည့် ယောက်ကျားတစ်ယောက်နှင့် ကိုယ်ချစ်သည့်သူ၏ ခံစားချက်ကို ဦးစားပေးချင်သည့် မိန်း မတစ်ယောက်တို့၏ ကြားတွင် မရင့်ကျက်သေးသည့် ပ ညာတတ် ကောင်မလေးတစ်ယောက် ဝင်လာသည့်အခါ ဖြစ်ပေါ်တတ်သည့် အဖြစ်အပျက် သဘောများကို ပီပြင်စွာ ရိုက်ကူးတင်ဆက်ပေးထားသည့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကောင်း တစ်ကားပဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here