၂၀၂၀ ခုနှစ် အတွက် ဒါရိုက်တာဆုကို “ကမ္မဖလ” ရုပ်ရှင်ကားဖြင့် ထပ်ဆင့်အကယ်ဒမီပန်းချီစိုးမိုး ရရှိမည်ဟု ရေပန်းစားနေ

0
549

မေလ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိနိုင်ခြေရှိသည့် ရုပ်ရှင်အနုပညာရှင်၊ အတက်ပညာရှင်များအား ခန့်မှန်းနေကြရာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ဒါရိုက်တာဆုကို ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး ရရှိမည်ဟု ရေပန်းစားနေသည်။

ထပ်ဆင့်အကယ်ဒမီ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးသည် ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို “ကမ္မဖလ” ဇာတ်ကားဖြင့် ရရှိမည်ဟု ခန့်မှန်းနေကြခြင်းလည်း ဖြစ်သည်။

“ကမ္မဖလ” ဇာတ်ကားသည် စာရေးဆရာ တင့်တယ်၏ စာ ပေဗိမာန်ဆုရ ဂန္တ၀င်၀တ္ထုစာအုပ်ဖြစ်သည့် ” ကမ္မဖလ ” ဝတ္ထုကို ပြန်လည် အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်ပြီး ပွဲခင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ငြိမ်းမင်း (အညာသားငမိုး)က ဇာတ်ညွှန်းရေးသားပြီး သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အေးမြတ်သူ အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်ရှင်သည် ကံ ကံ၏ အကျိုးကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး အနိမ့်အမြင့် ၊ အတက်အကျများဖြင့် ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့သည့် ဇာတ်လမ်းကောင်းတစ်ကားဖြစ်သည့်အတွက် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်များ၏ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကိုလည်း မြင်တွေ့ရမည့် ကားကောင်း တစ်ကားပင် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here