တရုတ်ဖိုက်တာနဲ့ မနက်ဖြန် နံနက်မှာ ထိုးသတ်မယ့် အောင်လအန်ဆန်

0
223

မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ မနက်ဖြန် မေလ (၆) ရက် နံနက်ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ One Championship ထံမှ သိရပါတယ်။

ချန်ပီယံဖြစ်ဖို့ ပြန်လည်ကြိုးစားနေတဲ့ အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်မှာ မနက်ဖြန် မြန်မာစံတော််ချိန် နံနက် (၇) နာရီိ ၀န်းကျင်အချိန်ခန့်မှာ Middle Weigh တန်းအဖြစ် ထိုးသတ်မှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ မနက်ဖြန်ပွဲမှာ ပြိုင်ဘက် တရုတ်ဖိုက်တာ Fan Rong ကို နှစ်ချီအတွင်း အလဲထိုးအနိုင်ယူမယ် လို့ ကြုံးဝါးထားပါတယ်။

အောင်လအန်ဆန်ဟာ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ပြန်လည်ယှဥ်ပြိုင်ရာမှာ တတိယမြောက်နိုင်ပွဲ ရရှိထားပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ (၂) ပွဲမှာဆိုရင်လည်း ပထမအချီနဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ တရုတ်ဖိုက်တာ Fan Rong ကို ထပ်မံအနိုင်ရခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။

Photo – One Championship


LEAVE A REPLY

Please enter your comment!
Please enter your name here