ဓာတ်ခွဲနမူနာ (၁) သောင်းကျော်အား စစ်ဆေးရာမှ  ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာသစ်(၂၂၂) ဦးတွေ့ရှိ

0
197

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ မေ (၆) ရက်ည (၈) နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၂၂၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ (၅) ရက်ည (၈)နာရီမှ (၆) ရက်ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁၅၇၄ ခုအားစစ် ဆေးခဲ့ရာမှ ဓာတ်ခွဲအတည်ပြု လူနာသစ်(၂၂၂)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၉၂ ရာ ခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉) သံသ ယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉) ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာလျက်ရှိရာ ယနေ့အထိ ဓာတ် ခွဲနမူနာပေါင်း (၁၀၄၃၀၄၇၄) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ် (၁၉) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၅၈၈၂) ဦးရှိပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here