၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု နိုင်ငံကြီးသားဇာတ်ကားမှ မောင်မြတ်ဆွေမှရရှိခဲ့သည်။
ယင်းဇာတ်ကားမှ၂၀၁၉ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကိုလည် နိုင်ငံကြီးသားဇာတ်ကားဖြင့် အကယ်ဒမီနေတိုးရရှိလိမ့်မည်ဟု ပရိသတ်များက ခန့်မှန်းထားကြသည်။
အဆိုပါဇာတ်ကားကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး နှင့်အနုပညာရှင်များစွာပါဝင်ထားသည်။