မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့်အတွက် ဆန်စပါးသိုလှောင်ထားရှိမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထား

0
270

ဘင်္ဂလားပင်လယ်အော်တွင် လတ်တလော ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း ပြည်တွင်း/ ပြည်ပ မိုးလေဝသ ကျွမ်းကျင်အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုနေကြသည့်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားရှိမှုများ၊ လိုအပ်သော စီစဉ်မှုများကို ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်မိမိတို့၏ ဆန်စပါးများကို အမိုးအကာများအောက် နှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်မည့် နေရာများတွင် သိုလှောင်မှုကို စနစ်တကျ ကြိုတင် စီစဉ်ဆောင်ရွက်ထားရန်၊ သိုလှောင်ရုံ အတွင်း အောက်ခြေတွင် ရေကြီးမှု၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် အောက်ခြေမြှင့်ထားရန်၊ dunnage, pallet ခုံများဖြင့် လည်းကောင်း၊ အခြားသင့်တော်သော နည်းလမ်းများဖြင့် လည်းကောင်း ကြိုတင်စီစဉ်ထားရန် အသိပေးဖော်ပြထားသည်။

ဆက်လက်၍ နွေစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ နှင့် ရိတ်သိမ်းရန် ရှိနေသော နေရာများ၊ အထူးသဖြင့် ကမ်းရိုးတန်း အနီးတဝိုက်ဒေသများတွင် နွေစပါး ရိတ်သိမ်းသိုလှောင်မှုများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများ အနေဖြင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနတို့ နှင့် ပူးပေါင်းညှိနှိုင်းပြိီး တောင်သူများကို တတ်နိုင်သမျှ ကူညီပေးရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက Emergency Early Response ပြုလုပ်နိုင်ရန် အလို့ငှါ ဆန်လိုအပ်မှု ရှိပါက အသင်းချုပ် ရုံးချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ နှင့် ဆက်သွယ်ညှိနှိုင်း တင်ပြပေးရန် အသိပေးထားသည်။

ယင်းအပြင် ဆန်စပါး စုဆောင်းထားမှု နှင့် ဆန်စပါးဖူလုံမှု အပြည့်အဝ ရှိသဖြင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစုဆောင်းမှုများ မပြုလုပ်ရန် နှင့် လိုအပ်သော ပမာဏကိုသာ ဝယ်ယူရန်၊ ပစ္စည်းမှန်၊ စျေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါက အသင်းချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ရန် အသိပေးထားထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here