ရုပ်ရှင်အနုပညာသည် နိုင်ငံငြိမ်းချမ်းရေး၊စည်းလုံးညီညွတ်ရေးနှင့်ဖွံဖြိုးရေးလုပ်ငန်းများတွင် သြဇာသက်ရောက်မှုရှိသည့် Soft Power တစ်ခုဖြစ်

0
163

နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်အနုပညာရှင်များ၏ အခန်းကဏ္ဍမှာအလွန်အရေးကြီးခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၆ ရက်ည ၆ နာရီခွဲက နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည်နှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ဆိုသည်မှာ ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသောဆန်းကြည်သည့် ဖန်တီးမှုအနုပညာရပ်အဖြစ် အားလုံးနားလည်လက်ခံထားကာ တစ်နည်းအားဖြင့် ရုပ်ရှင်အတတ်ပညာသည် လူမှုဘဝကို အသိပေးနှိုးဆော်နိုင်သော အတတ်ပညာ၊လူအများ၏ စိတ်နှလုံးကို ညွှတ်ပြောင်းနှိုးဆွပြီး အသိပညာနှင့်ရသခံစားမှုအား ပေးစွမ်းနိုင်သည့် အတတ်ပညာဖြစ်သည်ဟု ဆိုသည်။

မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ပျော်ရွှင်လွမ်းမောဖွယ်ရာလူမှုဘဝများအပြင် နိုင်ငံတော်၏ အရေးပါသည့်အခန်းကဏ္ဍများ၊နိုင်ငံ၏ ပကတိအခြေအနေများကို အနုပညာဖြင့်ထင်ဟပ်ဖော်ပြတင်ဆက်နိုင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံနဲ့ပြည်သူအကျိုးကို အကျိုးပြုနိုင်စွမ်းရှိနေဆဲဖြစ်ပါတယ်၊ နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ဖို့ အကြောင်းတရားတွေထဲမှာ ရိုးရာယဥ်ကျေးမှုစရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်မှုရှိခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံတော်၏ဦးတည်ချက်များအောင်မြင်စေရန် ရုပ်ရှင်အနုပညာရှင်များ၏ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကာ အနုပညာတစ်ရပ်မှပေးလိုက်သည့်အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ ယဥ်ကျေးမှုတန်ဖိုးကို ပြသရာရောက်၍ ရုပ်ရှင်အနုပညာရှင်များမှပေးစွမ်းနိုင်မှုများသည် အင်မတန်အရေးပါအရာရောက်သည်ဟု ဆိုသည်။

“ရုပ်ရှင်အနုပညာဟာ နိုင်ငံငြိမ်းချမ်းရေး၊စည်း လုံးညီညွတ်ရေးနဲ့ဖွံဖြိုးရေးလုပ်ငန်းတွေမှာ သြဇာသက်ရောက်မှုရှိတဲ့ Soft Power တစ်ခုဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ မိမိလူမျိုးဖွံဖြိုးတိုးတက်စေရန်၊နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များရှင်သန်ကိမ်းဝပ်စေရန် ကျရာကဏ္ဍမှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် နစက ဒု-ဥက္ကဋ္ဌမှတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here