ကနေဒါအနောက်ပိုင်း၌ မီးလောင် ရေကြီးမှုများကြောင့်ဒေသခံများရွှေ့ပြောင်းနေရ

0
224

ကနေဒါ၊မေ ၆

ကနေဒါနိုင်ငံအနောက်ပိုင်း၌ တစ်ပတ်ကြာသည်အထိ စံချိန်တင်ပူပြင်းနေသည့်ရာသီဥတုကြောင့်တောမီးများလောင်ကျွမ်းနေသကဲ့သို့ အပူရှိန်မြင့်မှုကြောင့် ဆီးနှင်းများလျင်မြန်စွာအရည်ပျော်သဖြင့်လည်း ရေလျှံမှုများဖြစ်ပေါ်‌နေသောကြောင့် လူပေါင်းထောင်ချီ ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရှိရသည်။

အယ်လ်ဘာတာ၌ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် လူပေါင်း‌ ၁၃,၀၀၀ ကျော်ကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။

အယ်လ်ဘာတာ၌ ယခုနှစ်အတွင်း တောမီး ၃၄၈ ကြိမ် လောင်ကျွမ်းခဲ့ပြီး ဟက်တာ ၂၅,၀၀၀ ကျော် ဆုံးရှုံးလောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဘရစ်တစ်ရှ်ကိုလမ်ဘီယာ၌မူ အပူချိန်လွန်ပြီး ရေခဲပျော်ကျမှုများကြောင့် မြစ်ချောင်းများရေလျှံကာ ရေကြီးရေလျှံမှုများလည်းဖြစ်ပေါ်နေသဖြင့် နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်ဟုလည်းဆိုသည်။

ထို့ပြင် မိုးသည်းထန်နိုင်ကြောင်းခန့်မှန်းချက်များလည်းရှိသဖြင့် ပြည်သူများအနေဖြင့် ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း အာဏာပိုင်များကသတိပေးထားသည်။

Source : ရိုက်တာ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here