ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ WHO ရုပ်သိမ်း

0
248

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၅ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

“မနေ့က အရေးပေါ်ကော်မတီဟာ ၁၅ ကြိမ်မြောက်အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။ အဲဒီမှာ ကိုဗစ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာဖို့ အကြံပြုလာပါတယ်။ အဲဒီအကြံဉာဏ်ကို ကျွန်တော်လက်ခံလိုက်ပါပြီ။ ဒါကြောင့် မျှော်လင့်ချက်ကြီးစွာနဲ့ ကိုဗစ်-၁၉ ကပ်‌ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်းကို ကြေညာလိုက်ရပါတယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို အာဒနမ် ဂေဘရီယေးစစ် က‌ ပြောကြားခဲ့သည်။

WHO အရေးပေါ် ကော်မတီသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ကမ္ဘာ့ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် စတင်ကြေညာခဲ့သည်။

ထိုသုံးနှစ်ကျော်ကြာ ကာလအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၇ သန်းနီးပါး သေဆုံးစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည့်အပြင် လူများ၏ နေထိုင်မှုပုံစံများလည်း ပြောင်းလဲခဲ့ရသည်။

ယခုကဲ့သို့ အရေးအပေါ်အခြေအနေမှ ရုပ်သိမ်းလိုက်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် ဆက်လက်ကူးစက် ပျံ့နှံ့နေဆဲဖြစ်သည်ဟု WHO က သတိပေးခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here