သားအိမ်ထဲ သန္ဓေတည်ဆဲ ကလေးငယ်ကို ဦးနှောက်ခွဲစိတ်

0
173

အမေရိကမှ ဆရာဝန်များသည် ရှားပါးသော သွေးကြောဆိုင်ရာ မူမမှန်မှုကို ကုသရန်အတွက် မိခင်၏ သားအိမ်အတွင်း၌ သန္ဓေတည်နေဆဲ ကလေးငယ်ကို ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်မှုကို မက်ဆာ ချူးဆက်စ် ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘရစ်ဂ်ဟမ်းနှင့် အမျိုးသမီး ဆေးရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒန်ဗာ ကိုးလ်မန်း ဟုခေါ်သော ၇ လသား အရွယ် ကလေးငယ်သည် ဂေလန်၏ သွေးပြန်ကြော ပုံပျက်ခြင်း ဟုခေါ်သော အသက်အန္တရာယ်ရှိနိုင်သည့် ဦးနှောက်ပိုင်းဆိုင်ရာ အခြေအနေကို ခံစားနေရသည်။ ထိုအခြေအနေသည် ဦးနှောက်မှ နှလုံးသို့ သွေးများ ပို့ဆောင်ပေးနေသော သွေးကြောက ပုံပျက်ပြီး ကြီးထွားလာသည့်အခါ ဖြစ်ပေါ်လေ့ရှိသည်။

မိခင်၏ သားအိမ်အတွင်း၌ ရှိနေစဉ် ခွဲစိတ်မှုများပြုလုပ်ခြင်းသည် အထူးအဆန်း မဟုတ်သော်ငြားလည်း ယခုကဲ့သို့ ဦးနှောက်အား ခွဲစိတ်ခြင်းမှာမူ ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ခွဲစိတ်မှုအား မတ်လတွင် ပြုလုပ်ခဲ့သော်လည်း မေလ ၄ ရက် ကြာသပတေးနေ့ရောက်မှ စထရုတ်ဒ် ဂျာနယ်တွင် အသေးစိတ် ဖော်ပြလာခဲ့သည်။

ခွဲစိတ်ရာတွင် ပါဝင်ခဲ့သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဓာတ်မှန် အထူးကုဆရာဝန်ကြီး ဒဲရန် အော်ဘတ်ခ် က ခွဲစိတ်မှုသာ မလုပ်ခဲ့ပါက ကလေးသည် ပြင်းထန်သော ဦးနှောက်ဒဏ်ရာများနှင့် မွေးပြီးပြီးချင်း နှလုံးခုန်ရပ်ခြင်း တို့ကို ခံစားရနိုင်ကြောင်း ပြောလာခဲ့သည်။

ထို့အခြေအနေနှင့် မွေးလာသည့် ကလေးငယ်များမှ ၄၀ ရာခိုင်နှုန်းနီးပါး အသက်ဆုံးရှုံးလေ့ရှိကြောင်း သိရသည်။

Source: တယ်လီဂရပ်


LEAVE A REPLY

Please enter your comment!
Please enter your name here