ကမ္ဘာ့ပထမဆုံး ဦးနှောက်-ကွန်ပြူတာကြားခံ စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်

0
229

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မျောက်ဝံတစ်ကောင်အား ကမ္ဘာ့ပထမဆုံး ဦးနှောက်-ကွန်ပြူတာကြားခံ စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပေကျင်းနေ့စဉ်သတင်းစာ၌ ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါစမ်းသပ်ချက်သည် မျောက်များတွင် ဦးနှောက်-ကွန်ပြူတာကြားခံစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပြီး ၎င်းတို့အား ၎င်းတို့၏အတွေးများဖြင့် စက်ရုပ်လက်တံကို ထိန်းချုပ်နိုင်စေခဲ့သည်။

ဦးနှောက်-ကွန်ပြူတာကြားခံနည်းပညာသည် လျှပ်စစ်အချက်ပြမှုများကို အမိန့်အဖြစ်သို့ ပြောင်းလဲပေးကာ လေဖြတ်ခြင်းနှင့် အာရုံကြောဆိုင်ရာချို့ယွင်းမှုဖြစ်ပွားနေသော လူနာများအား ၎င်းတို့၏ပတ်ဝန်းကျင်နှင့် အပြန်အလှန်အကျိုးသက်ရောက်စေပြီး ၎င်းတို့၏ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်ဟု ပေကျင်းမြို့ရှိ Xuanwu ဆေးရုံ အခြေစိုက် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ အာရုံကြောခွဲစိတ်ဆရာဝန် Ma Yongjie မှ ပြောကြားခဲ့သည်။ ။ သူသည် စမ်းသပ်မှုပြုလုပ်ခဲ့သော သိပ္ပံပညာရှင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

“ယခု သက်ရှိတိရစ္ဆာန်တစ်ကောင်တွင် ပထမဆုံး စမ်းသပ်မှုအောင်မြင်မှုသည် သုညမှတစ်သို့ရောက်ရှိသည့် အောင်မြင်မှုဖြစ်သော်လည်း လူသားတွင်တပ်ဆင်အသုံးပြုနိုင်မှု ပြီးပြည့်စုံရန်မှာမူ ၁ မှ ၁၀၀ အထိ လုပ်ငန်းစဉ်သာဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သွားရမည့်လမ်းခရီးမှာများစွာကျန်ရှိနေသေးသည်” ဟုလည်း သူကပြောသည်။

Ref: China completes world’s first brain-computer interface experiment on primate subject


LEAVE A REPLY

Please enter your comment!
Please enter your name here