ဆိုင်ကယ်အား ကားတစ်စီးမှတိုက်ပြေး ဆိုင်ကယ်မောင်းသူ‌သေဆုံးခဲ့မှု တာချီလ်ိတ်မြို့နယ်တွင်ဖြစ်ပွား

0
255

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊နမ့်လွတ် အခါကျေးရွာအနီးတွင် မေ ၇ ရက်ည ၇ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

နမ့်လွတ် အခါကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းလာသည့် ဦးမိုင်အဲန်(၆၅)နှစ်အား ကားတစ်စီးမှဝင်တိုက်မိပြီးနောက် ဝင်တိုက်သည့်ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကာ ဦးမိုင်အဲန်သည် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားနဲ့တိုက်မိပြီး ကားကမောင်းပြေးသွားတာ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ် ဖုန်းသတင်းရလို့ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ်”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here