မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်း ကမ္ဘောဒီးယားအသင်းကို ၂ ဂိုးပြတ်ဖြင့်အနိုင်ရ

0
201

ကမ္ဘောဒီးယားနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)အမျိုးသား ယူ- ၂၂ ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဥ်အဖြစ် မေ ၇ ရက် ညပိုင်းက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်ကမ္ဘောဒီးယားဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ပထမပိုင်း၌ ဟိန်းထက်အောင်နှင့်သက်စိုးဝင်းတို့သွင်းယူခဲ့သည့် ဂိုးများဖြင့် ပွဲပြီးဆုံးချိန်တွင် ကမ္ဘောဒီးယားဘောလုံးအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မေ ၁၀ ရက်တွင် ဖီလစ်ပိုင်ဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်း ပွဲစဥ်သည် မြန်မာ့လက်ရွေးစ်ဘောလုံးအသင်းအတွက် အုပ်စုတက်ရေးအဆုံးအဖြတ်ပေးမည့်ပွဲစဥ်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here