မုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ မဆုံးရှုံးစေရန် အကာအကွယ်များ ဆောင်ရွက်ထားရန်ပဲ/နှမ်းအသင်းထုတ်ပြန်

0
287

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်လာစေရန် လိုအပ်သည့် အကာအကွယ်အစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။

ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ် ဖောက်ကားနေသည့် လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိမိတို့ဝယ်ယူသိုလှောင်ထားသည့် ကောက်ပဲသီးနှံတွေကို ပျက်စီးဆုံးရှုံးမှုမရှိအောင် ကြိုတင်ကာကွယ်လုပ်ဆောင်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မည်ဟု မိုး/ဇလက အသိပေးထုတ်ပြန်ပြီးနောက်ပိုင်း သက်ဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here