ဖောက်စ်ကွန်းကုမ္ပဏီ တည်ထောင်သူက သူသာ ထိုင်ဝမ်သမ္မတဖြစ်လာလျှင် တရုတ်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးမည်ဟု ကတိပေး

0
185

ကောင်းရှုံး၊ မေ ၈

အက်ပဲလ် (Apple) အတွက် ကုန်ကြမ်းပစ္စည်များကို အဓိကထောက်ပံ့ပေးနေသော ဖောက်စ်ကွန်း (Foxconn) ကုမ္ပဏီကို တည်ထောင်သူ ဘီလျံနာသူဌေးကြီး တယ်ရီ ဂို သည် မေလ ၇ ရက် (တနင်္ဂနွေနေ) တွင် ပြုလုပ်ခဲ့သော လူထုစည်းဝေးပွဲ၌ သူသာ ထိုင်ဝမ်သမ္မတ ဖြစ်လာပါက ၎င်းနိုင်ငံနှင့် တရုတ်နိုင်ငံကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ထိုင်ဝမ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၎င်းနိုင်ငံအတွက် သမ္မတအသစ်ကို ပြန်လည်ရွေးကောက် တင်မြောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် တယ်ရီဂိုသည် ပြီးခဲ့သည့် လတွင် လက်ရှိသမ္မတ စိုင်အင်ဝမ်၏ အတိုက်အခံပါတီဖြစ်သော ကူမင်တန် ပါတီဘက်မှနေ၍ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ကြေညာခဲ့သည်။

ကူမင်တန်ပါတီသည် စိုင်၏ ဒီမိုကရေစီ တိုးတက်ရေး ပါတီ (DPP) နှင့်ယှဉ်လျှင် တရုတ်နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးထားရှိထားပြီး ဂို၏ ဖောက်စ်ကွန်း ကုမ္ပဏီသည်လည်း အိုင်ဖုန်းအတွက် ကုန်ကြမ်းပစ္စည်းများ ထုတ်ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံ၌ စက်ရုံကြီးများ ဖွင့်လှစ်ထားသည်။

ထို့ကြောင့် ဂိုသာ သမ္မတဖြစ်လာပါက ထိုင်ဝမ်သည် တရုတ်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်ချေ ရှိနေသည်။

သူ၏ ပထမဆုံးသော လူထုစည်းဝေးပွဲအတွင်း ဂိုသည် ထိုင်ဝမ်ပြည်သူများက တရုတ်နှင့် အချိန်မရွေး စစ်ပွဲထဖြစ်မည့်အပေါ် စိုးရိမ်နေသည်ကို သူနားလည်ပါကြောင်း၊ သူသည် စိုင်အင်ဝမ်နှင့် ဒုသမ္မတ ဝီလျံ လိုင်တို့ထက် တရုတ်နှင့် ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်ကြောင်း ပြောကြားကာ သူ့ကို သမ္မတအဖြစ် ရွေးချယ်ကြရန် တောင်းဆိုခဲ့သည်။

စိုင်အင်ဝမ် လက်ထက်တွင် ထိုင်ဝမ်သို့ ပေလိုစီ အလည်အပတ်လာရောက်ခြင်း၊ စိုင်- မက္ကာတီ တွေ့ဆုံပွဲ တို့ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်ဝမ်နှင့် တရုတ်ကြားရှိ ဆက်ဆံရေးမှာ သိသိသာသာ တင်းမာလာခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here