သဘာဝဘေးအန္တရာယ် ဖြစ်လာပါက ခိုနားရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အဦး (၁၄၃) လုံးရှိကာ ထောက်ပံ့ရေးပစ္စည်းများအသင့်ရှိနေ

0
222

ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သော ခန့်မှန်းချက်သတင်းများထွက်ပေါ်လာပြီးနောက် နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မည်ဆိုသည့် ပြောကြားချက်များနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းဝင်လာပါက အရေးကြီးပစ္စည်းများဖြစ်သည့် ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေး ပစ္စည်းများကို ဖြန့်ခွဲပေးပို့လျက်ရှိကာ ပြည်သူများသဘာဝဘေးအန္တရာယ် ကြောင့် အဆုံးအရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရန်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် ကြိုတင်ပြင်ဆင်မှုအဖြစ် ထိခိုက်ခံရနိုင်ခြေများသည့် ဧရာဝတီတိုင်းတွင် ဘေးဒဏ်ခံနားခိုသော အဆောက်အအုံများ၊ ဆိုင်ကလုန်းရှယ်တာ (၄၇) ခု၊ ဘေးဒဏ်ခံနိုင်သည့် တည်ဆောက်ပြီး (၁၁၈) ခု၊ တည်ဆောက်ဆဲ (၁၇) ခု ရှိကာ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုပုံထားပြီးဖြစ်သည်ဟု ပြောသည်။

“ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်တဲ့ တိုင်းဒေသကြီးအဆင့်မှာ (၁) ခု ခရိုင်အဆင့်မှာ (၆) ခု မြို့နယ်အဆင့်မှာ (၆) ခု အိမ်ထောင်စု (၆၀၀၀) အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်းတွေကိုကို ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေမှာ သူ့ကိုယ်တာအလိုက်ပါပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများတွင် လုံချည်၊ ထဘီ၊ စောင်ထူ၊ခြင်ထောင်၊ ဒန်အိုး၊ ဇလုံ၊ မိုးရေခံတာ ပေါ်လင်စများကို ခန့်မှန်းတွက်ချက်၍ အသင့်ပြင်ဆင်ထားပြီးဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးအတွက်အသုံးပြုရန် ဖိုက်ဘာစက်လှေ (၅၉) စင်း၊ အသက်ကယ် အင်္ကျီအထည် (၂၅၀၀) ခန့်နှင့်အသက်ကယ်ဗောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလ ည်း ဖြန့်ခွဲထားပြီးဖြစ်သည်ဟု ပြောသည်။

ရန်ကုန်တိုင်းရှိ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်များ၊ မြစ်ဝကျွန်းပေါ်နှင့် နီးသည့်နေရာများ၊ ကမ်းရိုးတန်းနှင့် နီးသည့်နေရာများတွင်လည်း ဆိုင်ကလုန်းရှယ်တာ အပါအဝင်နားခိုစရာ အဆောက်အဦး (၉) လုံးတည်ဆောက်ထားပြီးဖြစ်ကာ အိမ်ထောင်စု (၅ ၀၀၀) စာအတွက် ထောက်ပံ့ရေးပစ္စည်းများကိုလည်း အသင့်ထားရှိပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွမြို့များတွင် နားခိုရာအဆောက်အဦး တည်ဆောက်ပြီး (၅၄) လုံးနှင့် တည်ဆောက်ဆဲ ၆ လုံးရှိကာ ပြည်နယ်အဆင့် (၁) ခု၊ ခရိုင်အ ဆင့် (၅) ခု၊ မြို့နယ်အဆင့် (၃) ခုရှိ အိမ်ထောင်စု (၉၀၀၀) ခန့်အတွက် ထောက်ပံ့ပစ္စည်းများ အသင့်ရှိပြီး အရေးပေါ်သုံး ဖိုက်ဘာစက်လှေ (၃၃) စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်များကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မုန်တိုင်းဒဏ်ခံအဆောက်အဦး၊ သဘာဝဘေး အန္တရာယ်ဖြစ်ရင် ခိုနားဖို့ အဆောက်အဦး (၁၄၃) လုံးရှိပါတယ်။ မေ (၈) ရက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နိုင်ဖို့ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက် Disaster Managemenet Center ဖွင့်လှစ်ပြီး စောင့်ကြည့်သွားမှာပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သ ည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံပိုင်မီဒီယာများ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်လွှင့်ချက်များကို အလေးထားနားထောင်လိုက်နာကာ ကောလဟလသတင်းများအား မယုံကြည်ကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြံပြုပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here