သန်လျင် အမှတ် (၁) ရေနံချက်စက်ရုံ ဝန်ထမ်းလိုင်းခန်း မီးလောင်ကျွမ်းမှု စတင်လောင်ကျွမ်းခဲ့သည့် အခန်းတွင်‌ နေထိုင်သူအား အမှုဖွင့်

0
187

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ရေနံရပ်ကွက်၊ အမှတ် (၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် မေ (၈) ရက်ည (၁၂) နာရီခွဲ ဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတင်လောင်ကျွမ်းသည့် အိမ်ရှင်ကို တရားစွဲထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် သန်လျင်မြို့နေသူများထံမှ သိရသည်။

သန်လျင်မြို့၊ ရေနံရပ်ကွက်၊ ဇာတ်ရုံလမ်းရှိ အမှတ် (၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ အလျား(၁၂၀) ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၁၅) ပေခန့်ရှိ (၁) ထပ် (၆) ခန်းတွဲ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း လိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့က မီးဝိုင်းငြှိမ်းပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေလိုတော့ အနီးကပ်ဝင်ငြှိမ်းမပေးရဲဘူး။ သိရသလောက်ဆိုရင် ဝန်ထမ်းလိုင်းခန်းက ပျက်စီးတာတွေရှိတယ်။ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ မတွေ့ပါဘူး” ဟု သန်လျင်မြို့နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် နေထိုင်သူအား သန်လျင်မြို့ မြို့မရဲစခန်းက (ပ) ၁၆၇/၂၀၂၃၊ ရာဇ သတ်ကြီးပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here