တိုက်ခန်းပိုင်ရန် သမီးအရင်းကို လုပ်ကြံဖို့ လူသတ်သမားငှားရမ်းခဲ့သူ

0
255

မကြာသေးမီကပဲ ရုရှားနိုင်ငံမှာ အမေရင်းက သမီးရင်းကို သတ်ဖို့အတွက် လူသတ်မားငှားရမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ကရာစနော့ယှက်ခ်မြို့က အသက် ၆၇ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၄၈ နှစ်အရွယ် သမီးဆီကနေ တိုက်ခန်းရယူနိုင်ဖို့အတွက် လူသတ်သမား ငှားရမ်းဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောဆိုချက်အရ အဲဒီ ပင်စင်စား မိခင်ဟာ သူ့သမီးကို သတ်ချင်တဲ့အကြောင်း ဒေသခံအသိတစ်ယောက်ဆီ ပြောပြခဲ့ပါတယ်။ အဲဒီအသိကပဲ ထိုက်သင့်တဲ့ ငွေပေးရင် ကိစ္စရှင်းပေးတဲ့ လူသတ်သမားကို သိတယ်ဆိုပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်မှာ မိခင်ဖြစ်သူနဲ့ လူသတ်သမားတို့ဟာ ကရာစနော့ယှက်ခ်မြို့၊ အိုဒက်ကာယာ လမ်းပေါ်က ပန်းခြံမှာ တွေ့ဆုံခဲ့ပြီး သတ်ရမယ့်သူနဲ့ ဘယ်လိုပုံစံနဲ့ လူသတ်မှု ကျူးလွန်ရမယ်ဆိုတာကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။ မိခင်ဖြစ်သူဟာ သူ့သမီးကို သတ်ပေးဖို့အတွက် ဒေါ်လာ ၁၀၄၀ ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်လို့ သိရတယ်။

ဒါပေမယ့် အဲဒီလူဟာ လူမသတ်ဘဲ ဖြစ်စဉ်အကြောင်း အလုံးစုံကို ရဲစခန်းဆီသွားပြီး ဖွင့်ချလိုက်တယ်။ ရဲတွေကလည်း သက်သေခိုင်မာအောင်လို့ အဲဒီလူကို သရုပ်ဆက်ဆောင်ခိုင်းပြီး လူသတ်မှုအတု တစ်ခုကို ကူညီပြုလုပ်ပေးခဲ့တယ်။ ရဲတွေဟာ သမီးဖြစ်သူကိုပါ သူ့အမေရဲ့ လုပ်ရပ်အကြောင်း ပြောပြပြီး ပိုက်ဆံအိတ်တစ်လုံးကိုလည်း လူသတ်မှုအတု ပြုလုပ်ရာမှာ သုံးဖို့အတွက် တောင်းခဲ့တယ်။

မေလ ၃ ရက်နေ့မှာတော့ လူသတ်သမားဟာ ရုရှားစုံစမ်းစစ်ဆေးသူတွေရဲ့ ကြီးကြပ်မှုနဲ့ မိခင်ဖြစ်သူထံ လူသတ်မှုပြီးစီးကြောင်းကို အကြောင်းကြားခဲ့ပြီး သူ့သမီးရဲ့ အိတ်ကိုလည်း သက်သေအနေနဲ့ ပို့ခဲ့တယ်။ အဲဒီနေ့မှာပဲ မိခင်ဖြစ်သူဟာ သူငှားထားတဲ့ လူသတ်သမားရဲ့ ဘဏ်အကောင့်ဆီ ဒေါ်လာ ၁၀၄၀ လွှဲခဲ့တယ်။

အဲဒီလိုနဲ့ သက်သေစုံသွားတဲ့ ရဲတပ်ဖွဲ့ဟာ အဲဒီအမျိုးသမီးကို လူသတ်မှု ကျူးလွန်ရန် ပြင်ဆင်မှုနဲ့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here