အိန္ဒိယ၌လှေ‌နစ်မြုပ်မှုကြောင့် ၂၂ ဦး ထက်မနည်း သေဆုံး

0
144

မလ္လာပူရမ်၊မေ ၈

အိန္ဒိယနိုင်ငံတောင်ပိုင်း ကရီလာပြည်နယ်၌ ခရီးသည်တင် နှစ်ထပ် လှေတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကမေ ၈ ရက်တွင်ပြောကြားခဲ့သည်။ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။

ညအချိန်ကြီးမြုပ်သွားပြီး တစ်ပိုင်းမြုပ်နေသည့်သင်္ဘောအနီးတစ်ဝိုက်၌ ဒါဇင်နှင့်ချီသောသူများသည် သင်္ဘောပေါ်၌အသက်ရှင်ကျန်သူများအား ဝိုင်းရှာဖွေပေးကြသည်ဟုလည်းသိရသည်။

အချို့ကသင်္ဘောအားထိန်းနိုင်ရန် ကြိုးဖြင့်ထိန်းထားပေးကြပြီး အချို့ကရေထဲဆင်းထိန်းထားပေးကာ အသက်ရှင်သူအားရှာဖွေပေးကြကြောင်းလည်းသိရသည်။

လက်ရှိအချိန်အထိ သေဆုံးသူများ၏ရုပ်အလောင်း ၂၂ လောင်းရှာတွေ့ထားပြီး အမျိုးသမီး ၁၅ ဦးနှင့်အမျိုးသား ၇ ဦးတို့ဖြစ်သည်ဟုဆိုသည်။ဆေးရုံတင်ထားရသူူ ၆ ယောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။

ယခုသေဆုံးသွားသူများထဲ၌ မိသားစုဝင် ၁၁ ဦးရှိသည့် မိသားစုတစ်စုလုံးလည်းပါသွားကြောင်းသိရသည်။အခင်းဖြစ်ချိန်၌ လှေပေါ်တွင် စုစုပေါင်းခရီးသည် ၃၀ ဦးပါဝင်ကြောင်းသိရသည်။အသက်ရှင်သူများ၏ပြောကြားချက်အရ လှေပေါ်ရှိခရီးသည်များအားလုံး အသက်ကယ်အင်္ကျီမဝတ်ထားကြောင်းသိရသည် ။

ယခုအချိန်အထိ လှေနစ်မြုပ်ရသည့်အကြောင်းအရင်းအားမသိရသေးကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

Source AFP


LEAVE A REPLY

Please enter your comment!
Please enter your name here