မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း မလေးရှားအသင်းကို (၅) ဂိုး (၁) ဂိုးဖြင့် အနိုင်ရ

0
243

ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက် ရွေးစင် အမျိုးသမီးဘောလုံးအသင်းက မလေးရှားအသင်းအား (၅) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် မလေးရှားအသင်းသည် အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ယနေ့ မေ (၉) ရက်နေ့လယ် (၃) နာရီခွဲက ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ ယုပခိုင်၊ ဇူလိုင်ကျော်၊ မေသက်မွန်မြင့်၊ ပုံ့ပုံ့ပြည့်မောင်တို့ဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ ပွဲထွက်ကစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန် (၃) မိနစ်နှင့် (၄၀) မိနစ်တွင် ဇူလိုင်ကျော်နှင့် (၂၉) မိနစ်တွင် ခင်မာလာထွန်းတို့မှ မြန်မာအသင်းအတွက် ဂိုးများသွင်းယူခဲ့ကြပြီး ဒုတိယပိုင်းပွဲကစားချိန် (၆၃) မိနစ်နှင့် (၈၃) မိနစ်တွင် စမ်းသော်သော်မှ ဂိုးများဆက်လက်သွင်းယူခဲ့ကာ မလေးရှားအသင်းအတွက်ချေပဂိုးအား ဒုတိယပိုင်း ပွဲကစားချိန် (၅၉) မိနစ်တွင် Sarah Intan က သွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ပွဲပြီးဆုံးချိန်၌ မလေးရှားအသင်းအား (၅)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့၍ ရမှတ် (၆) မှတ်ရရှိခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် မေ (၆) ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ဗီယက်နမ်အသင်းနှင့်ပွဲစဥ်၌ (၃) ဂိုး (၁) ဂိုးဖြင့်ရှုံးနိမ်ထားပြီး မေ (၃) ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ဖီလစ်ပိုင်အသင်းနှင့် ပွဲစဥ်တွင်မူ (၁) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် ဖီလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here