ဧပြီလအတွင်း CMP လက်ခစား ချုပ်ပြီးအထည် တင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၃၈၄ သန်းရရှိ

0
261

၂၀၂၃-၂၀၂၄ ခုနှစ်၏ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလအတွင်း CMP လက်ခစားချုပ်ပြီး အထည်များ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၃၈၄ သန်းရရှိထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံရှိ CMP လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး လက်ခစား စနစ်ဖြင့် ချုပ်လုပ်ပြီး အထည်များကို ထိုင်း၊ တရုတ်၊ စင်ကာပူ နှင့်ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၀၀၊ ဥရောပနှင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့မှု ကန်ဒေါ်လာ ၁၈၄ သန်းရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း CMP စက်ရုံ အလုပ်ရုံများ၌ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် တရုတ်(တိုင်ပေ)က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သည့်အနက် တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ပြည်တွင်း၌ CMP အဝတ်အထည်ချုပ်စက်ရုံပေါင်း ၅၀၅ ရုံ၊ ဖိနပ်ချုပ်စက်ရုံ (၄၈) ရုံ၊ ဆံပင်တုစက်ရုံ (၈)ရုံ၊ အခြား အိတ်ချုပ်လုပ်ငန်းများ၊ အားကစားဝတ်စုံ၊ အားကစားဖိနပ်၊ ခြေအိတ်ချုပ်လုပ်ငန်း စက်ရုံအလုပ်ရုံပေါင်း (၁၇၇) ရုံတွင် လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here