တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၁၄၀) ကျော် စေလွှတ်

0
258

မြန်မာလုပ်သား (၁၄၉) ဦးကို တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့် ယနေ့ထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာနိုင်ငံသံရုံးမှတဆင့် သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် အစိုးရ၏ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သား (၁၄၉) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုအနေဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် (၁၂၉၃) ဦး၊ စက်တင်ဘာလတွင် (၉၇၈) ဦး၊ အောက်တိုဘာလတွင် (၁၁၆၉) ဦး၊ နိုဝင်ဘာလတွင် (၇၂၈) ဦး၊ ဒီဇင်ဘာလတွင် (၅၉၉) ဦး၊ ဇန်နဝါရီလတွင် (၁၉၃) ဦး၊ ဖေဖော်ဝါရီလတွင် (၂၀၀) ဦး၊ မတ်လတွင် (၂၅၃) ဦး၊ ဧပြီလတွင် (၁၅၀) စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ (၂) နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများသို့ OWIC ကတ်ဖြင့် အလုပ်သမား ၂၁၀၀၀၀ ကျော်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here